တီးတိန် ဇွန် ၂၃
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ပညာရေးပဒေသာပင် အလှူငွေပေးအပ်ပွဲအခမ်းအနားကို တီးတိန်မြို့ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ဌာန၌ ယမန်နေ့နေ့လယ်၁နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆိုဘုရားကတော့ပြီး တီးတိန်မြို့၊ ထေဒဝါဒဗုဒ္ဓသာသနပြု (ဗဟို) ဌာန၊ ဆရာတော်ဘဒ္ဒန္တဝါသေဌ (မဟာသဒ္ဓမ္မဇောတိကဓဇ) ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မတည်အလှူငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းကလက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
မတည်အလှူရှင်များဖြစ်သော ဒေါက်တာသက်ဖြိုးအောင်(မန္တလေးမြို့)၊ ဦးမင်းပန်းမွှေး+ဒေါ်သီတာစန်း (မြဝတီမြို့)နှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်း၊ ခရိုင်လဝကမှူးဦးမိုးသူနှင့် ခရိုင်ရဲမှူးကြီးဦးကိုကိုတို့က ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဆရာတော်ဘဒ္ဒန္တဝါသေဌ (မဟာသန္ဓမ္မဇောတိကဓဇ)က ဩဝါဒစကားချီးမြင့်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဒိုင်းခန့်ဒိမ့်
မြို့နယ် (ပြန်/ဆက်)