ပန်းတနော် ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ် စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (community centre) အဆောက်အအုံ၌ ခင်းကျင်းပြသထားလျက်ရှိသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် လက်ဝယ်ကိုင်ဆောင်မှု အတွက် ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်ရေး အသိပညာပေး ဆောင်းပါး၊ ကဗျာများ၊ ကာတွန်းများ၊ သရုပ်ဖော်ပန်းချီများ၊ မူးယစ်ဆေးဝါး အန္တရာယ်မှ ကင်းဝေးစေရေး သိမှတ်ဖွယ်ရာများနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသ ထားလျက်ရှိရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)