ပြည်မြို့နယ်ရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များ၌ အမိုနီယမ်နိုက်ထရိတ်ပါဝင်သည့် ဓါတ်မြေသြဇာများရောင်းချမှု ရှိ/ မရှိ တာဝန်ရှိသူများစစ်ဆေး

ပြည် ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များ၌ အမိုနီယမ်နိုက်ထရိတ်ပါဝင်သည့် ဓါတ်မြေသြဇာများအားရောင်းချမှု ရှိ/မရှိ အခြေအနေများကို တာဝန်ရှိသူများအဖွဲ့ဖြင့် ယမန်နေ့က ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့က မြို့နယ်အတွင်း စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များ၌ အမိုနီယမ်နိုက်ထရိတ်ပါဝင်သည့် ဓါတ်မြေသြဇာများ ရောင်းချမှုရှိ/ မရှိ စစ်ဆေးပြီး လုပ်ငန်းလိုင်စင်ရှိ/ မရှိစစ်ဆေးခြင်း၊ လုပ်ငန်းလိုင်စင်ရှိသည့်ဆိုင်များအား မူရင်းကုမ္ပဏီမှလက်ကားရယူမှု့နှင့် စနစ်တကျသိုလှောင်ထိန်းသိမ်းမှု ရှိ/ မရှိ အခြေအနေတို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ် စစ်ဆေးပြီး ဆိုင်ပိုင်ရှင်များနှင့် တာဝန်ခံများအား မှတ်ပုံတင်ထားခြင်းမရှိသည့် စိုက်ပျိုးရေးသုံးပစ္စည်းများနှင့် ဓာတ်မြေသြဇာများ ရောင်းချမှုမပြုရေး လိုက်နာဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်းနှင့် ပြည်မြို့နယ်တွင်စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်ပေါင်း ၅၂ဆိုင်ရှိကြောင်း သိရသည်။

ကိုဆက်၊ ကိုစိုး(ပြန်/ ဆက်)