အိမ်မဲမြို့နယ်တွင်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအသိပညာပေးဟောပြောပွဲကျင်းပ

အိမ်မဲ ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြို့နယ်ရဲ့တပ်ဖွဲ့မှ ကျောင်းသား၊ ကျောင်းသူများများ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့က အ.ထ.က - ၁ ကျောင်း ရွေညီလာခန်းမ၌  ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောခြင်းကို အိမ်မဲမြို့နယ် ရဲတပ်မှူး ယာယီရဲမှူး ကျော်ညွှန့်က မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း၊ လူကုန်ကူးခံရသည့်အကြောင်း စသည့် အသိပညာ ဗဟုသုတရရှိစေမည့် အကြောင်းအရာများကို အကျယ်တဝင့် ဟောပြောပေးခဲ့သည်။

ထိုကဲ့သို့ အသိပညာဗဟုသုတရရှိစေမည့် အကြောင်းအရာများကို ဟောပြောပေးခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးခြင်း၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်း အန္တရာယ်အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)