ဘုတ်ပြင်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ် စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ဘုတ်ပြင်း   ဇွန်      ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က  Community Centre တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ပြခန်းခင်းကျင်းပြသရသည့် ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အားလပ်ချိန်များတွင် စာကြည့်တိုက်သို့လာရောက်၍ ဗဟုသုတရဖွယ်စာအုပ်စာစောင်များကို လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများကခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေး စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ၊ ဓါတ်ပုံများကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြခန်းတွင် မူးယစ်ဆေးဝါအန္တရာယ်နှင့် ပတ်သက်၍ သတိပြု ရှောင်ရှားရမည့်အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင်း ဖြစ်ပေါ်နိုင်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်းရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်အလက်များ၊  ဆောင်ရန်ရှောင်ရန်များနှင့် ဗဟုသုတရရှိနိုင်သည့် စာအုပ်၊ စာစောင်များ၊ ခင်းကျင်းပြသထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)