ပိုင်ကျုံ အောက်တိုဘာ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပိုင်ကျုံနယ်မြေရဲစခန်းတွင် ၂၀၂၀ပြည့်နှစ်၊ ရွေးကောက်ပွဲကာလတွင် လုံခြုံရေးတာ၀န် များဆောက်ရွက်ရန်အတွက် အထူးရဲသင်တန်း တက်ရောက်သင်ကြားလျက်ရှိသော သင်တန်းသားများအားထံမှ ကိုဗစ် − ၁၉ ရောဂါ ရှိ၊ မရှိ သိရှိနိုင်ရန်အတွက် နှာခေါင်းတို့ပတ်၊ အာခေါင် တို့ပတ် ဓာတ်ခွဲနမူနာရယူခြင်းကို ယနေ့ နေ့လယ် (၁၂) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်မှုကို ပိုင်ကျုံတိုက်နယ်ဆေးရုံမှ ဒေါ်မေမြတ်ကြွယ် (ဓါတ်ခွဲ-၂) နှင့် တာဝန်ရှိ ဆရာ၊ ဆရာမများမှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရန် အတွက် အထူးရဲသင်တန်းမှ သင်တန်းသား (၃၂) ဦးတို့ထံမှ ပထမအကြိမ် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် ဓာတ်ခွဲနမူနာများ ရယူခြင်းကို ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)