ကဝ အောက်တိုဘာ ၉
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ကဝမြို့နယ်အတွင်းရှိ ရပ်ကွက် ၊ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ၂၀၂၀ ပြည့်နှစ် ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေငြာထားရှိမှုများ ကို ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ နှင့် တာဝန်ရှိသူများကယနေ့တွင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲ ဥက္ကဌ ဦးအောင်မြင့်နှင့် အဖွဲ့ ဝင်များ ၊ ကဝမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲ ဥက္ကဌ ဦးသောင်းကြည် နှင့် တာဝန်ရှိသူများက ကဝမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေငြာထားသည့် မဲဆန္ဒရှင်စာရင်းများအား ကြည့်ရှုစစ် ဆေးပြီး ရပ်ကွက် ၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများအနေဖြင့် မဲစာရင်းတွင် အမည်မပါ ဝင်မှုများ ၊ ကိုယ်ရေးအချက်အလက်မှားယွင်းနေမှုများနှင့် မပါဝင်သင့်သူများ ပါဝင်နေမှုများအား သက်မှတ် ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်သွားကြရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါနှင့်ပက်သက်သည့် ညွှန်ကြားချက်များနှင့် အညီဆောင်ရွက် သွားကြရန်မှာကြားသည်။
ကဝမြို့နယ်တွင် ရပ်ကွက် (၁၂)ရပ်ကွက် ၊ ကျေးရွာအုပ်စု (၉၁) အုပ်စု ၊မဲရုံပေါင်း (၁၆၉)ရုံ ရှိပြီး မဲဆန္ဒရှင်(၁၅၆၈၁၃)ဦးရှိကြောင်းသိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)