ကန်ကြီးထောင့် ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ကဗျာရွက်ဆို ပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက မူးယစ်ဆေးဝါး အဓိပ္ပာယ်၊ မူးယစ်ဆေးအမျိုးအစားများ၊ မူးယစ်ဆေးဝါးဆိုး ကျိုးများအား၊ ကျောင်းသား/သူများသို့ ရှင်းလင်းခဲ့ပြီး အနာဂတ်မျိုးဆက်သစ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်နှင့် အာရုံစူးစိုက်လေ့လာမှုရှိစေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။
ပထမဦးစွာ မူးယစ်ဆေးဝါးနှင့်သက်ဆိုင်သော နံရံကပ်စာစာင်များကို ကျောင်းသား၊ ကျောင်းသူ ကလေးများအား လိုက်လံရှင်းလင်း ပြောကြားခဲ့ပြီး ကဗျာရွက်ဆို ပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများအား ကျင်းပခဲ့ပြီး ဆုရရှိကြသော ကျောင်းသား/ကျောင်းသူ လေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးနှင့် ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းတို့က ဆုများ ပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)