ရေစကြို ဇွန် ၂၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတမာခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဝင်းက အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၊ အဖွဲ့ဝင်ရဲမှူး ရန်နိုင်ဝင်းက လူကုန်ကူးမှုနှင့် ပတ်သက်သည့်ပြစ်မှု၊ ပြစ်ဒဏ်များအား ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၊ အဖွဲ့ဝင် မြို့နယ်ဉပဒေအရာရှိ ဦးသန့်ဇင်အောင်က ဉပဒေများဆွေးနွေးခြင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့၊ အဖွဲ့ဝင် မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက လူကုန်ကူးမှုနှင့် ပတ်သက်ပြီး ကျောင်းသား၊ ကျောင်းသူများအား သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင် ဒေါ်အေးအေးစံက လူကုန်ကူးမှုနှင့် ပတ်သက်ပြီးပူးပေါင်းပါဝင် ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်း ဆွေးနွေးခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၊ အဖွဲ့ဝင် လူမှုဝန်ထမ်းဦးစီးဌာန၊တာဝန်ခံ ဒေါ်သိမ့်သိမ့်အေးက လူကုန်ကူးမှုနှင့်ပတ်သက်ပြီး ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးကြသည်။ အခမ်းအနားသို့ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။
မောင်လုလင် (ရေစကြို)