ပြည်ကြီးမဏ္ဍိုင် အောက်တိုဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုကြပ်မတ်နိုင်ရန် ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့စည်ပင်သာယာရေးအဖွဲ့၊ တာဝန်ခံမှ ဦးမျိုးအောင်က ပြည်ကြီးမဏ္ဍိုင်မြို့ပေါ်ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်၊ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း လိုက်နာကြရန်၊ ဆိုင်ထိုင် စားသောက်ရောင်းချခြင်း မပြုကြရန်၊ ပါဆယ်စနစ်ဖြင့်သာရောင်းချရန် နှင့် ညွှန်ကြားချက်နှင့်အညီ ရောင်းချခြင်းမရှိသော ဆိုင်ရှင်များအား အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲသို့ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်ရောင်းချသူ (၅၀) ဦးပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မျိုးလွင်(ပြန်/ဆက်)