လဟယ် ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် လူကုန်ကူးမှု တားဆီး ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁၅)နာရီအချိန် လဟယ်မြို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်း ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် လဟယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရန်အေးက လူကုန် ကူးမှုတာဆီးကာကွယ်ရေးနှင့် ပတ်သက်၍ power point ဖြင့် ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာကြသော အမျိုးသမီးရေးရာအဖွဲ့၊ အမျိုးသမီးအိမ်တွင်းမှု သင်တန်းသူများက သိလိုသည်များ မေးမြန်းခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လူကုန်ကူးမှု ဖြစ်စဉ် မှတ်တမ်းဓာတ်ပုံများအား ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ ပောာပြောပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူး ရဲမှူ ရန်အေး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းနှင့် ဌာဆိုင်ရာများ၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်များ အမျိုးသမီး အိမ်တွင်းမှု ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသောင်းနှင့် သင်တန်းနည်းပြများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)