မော်လိုက် ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အ.မ.ကကျောင်း (၇)ကျောင်းမှ ကျောင်းသား/သူ (၁၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အလားတူ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကိုလည်း ယမန်နေ့နံနက် (၁၀)နာရီအချိန်က အဆိုပါ ခန်းမ၌ ကျင်းပရာ မော်လိုက်မြို့ရှိ အ.ထ.ကနှင့်အ.လ.က ကျောင်းများမှ ကျောင်းသား/သူ (၂၁)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ခရိုင်ပြန်/ဆက်ဦးစီးမှူး ဦးဇေယျာဝင်း၊ ခရိုင်အားကစားမှူး ဦးဝင်းထိန်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကျော်တို့က အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်