လောင်းလုံး ဇွန် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဆောင်ရွက်နိုင်ရေး ကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်က အဖွင့်အမှာစကား ပြောကြားရာ၌ ကျောင်းသား/သူများ၊ လူငယ်များအားလုံး မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ ဆောင်ရန်ရှောင်ရန်၊ ပြစ်မှုပြစ်ဒဏ်များ ၊ လူကုန်ကူးမှုဖြစ်ပေါ်ရခြင်း၊ ဆောင်ရန်ရှောင်ရန်များ၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရန်ရှောင်ရန်များကို ချပြဆွေးနွေးရန် လို၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများက မိမိတို့ ကော်မတီဝင်များအနေဖြင့် ဆွေးနွေးရမည့် အကြောင်းအရာများ ကြိုတင်ပြင်ဆင်ကြရန် ဆွေးနွေးပြောကြားကာ တက်ရောက်လာကြသော ဌာနဆိုင်ရာ၊ ကော်မတီဝင်များမှ အသီးသီး ဆွေးနွေးတင်ပြ၍ အသိပညာပေး ဟောပြောပွဲကို ဇွန်လ (၂၈)ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)