မအူပင်ခရိုင်တွင် စာဖတ်ခြင်း၏ကောင်းကျိုးများ ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ဆောင်ရွက်

မအူပင် ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ စာပေ ဖတ်ရှုခြင်းဖြင့် အသိပညာ၊ ဗဟုသုတ များတိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ခြင်း၏ ကောင်းကျိုးများ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆင့်ဆင့်ဝေ ဦးဆောင်၍ ဓာတ်ပုံကျွမ်းကျင်-၂ (အင်အားပြ) ဦးအောင်မြင့်မြတ်နှင့် ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဒေါ်ရင်ရင်အေးတို့မှ စာဖတ်ခြင်းဖြင့် မှတ်ဉာဏ်ကို မြင့်မားလာ စေကြောင်း၊ ခဏခဏ သတိမေ့ခြင်းကို လျော့နည်းစေကြောင်း၊ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုများကို လျော့နည်းစေကြောင်း၊ တယ်လီဖုန်းသုံးမည့်အစား တစ်နေ့ကို (၃၀)မိနစ်ဖြစ်ဖြစ် (၁)နာရီဖြစ်ဖြစ် စာပေများ ဖတ်ရှုစေချင်ကြောင်းနှင့် စာ‌ဖတ်ခြင်းကြောင့် များစွာသော အကျိုးကျေးဇူးများ ရရှိစေနိုင်ကြောင်းစသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။                 

မအူပင်ခရိုင်(ပြန်/ဆက်)