သံတောင်ကြီး ဇွန် ၂၃
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ ရုံးရှေ့တွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင် ကို ယမန်နေ့နေ့လည်(၁)နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် အလုပ်လုပ်ကိုင်နေသော ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ဥပဒေများ၊ ကလေးသူငယ်များ၏ အကျိုးစီးပွားဆောင်ရွက်ချက်များ၊ ကလေးသူငယ် များ၏ အခွင့်အရေးကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရေး၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ကလေးအလုပ်သမားဟူသည်အဘယ်နည်း ကလေးအလုပ်သမားသည် တရားမဝင်ပါ၊ အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များ စသည့် အကြောင်းအရာများအား ပြသပေးခဲ့ရာ ကျောင်းသူ/ကျောင်းသားများ၊ ဒေသခံ ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
နော်နော်မူ