ပေါင်းတည်မြို့နယ်၊ မြေနံ့သာကျေးရွာ၌ နေဗီယာ တိရစ္တာန်အစာပင် စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေး

ပေါင်းတည် ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များသည် စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ကြုံးကြုံးကျကျေးရွာအုပ်စု၊ မြေနံ့သာကျေးရွာရှိ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ တိရိစ္ဆာန်အစာပင် သရုပ်ပြစိုက်ခင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စိုက်ခင်းသည် မြေနံ့သာကျေးရွာရှိ ပိုင်ရှင် ဦးအောင်ဝင်း၏ ခြံမြေ ၁ ဧက တွင် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊၂၀၂၃ခု နှစ် ၊ဇွန်လ ၂၀ ရက်က စတင်စိုက်ပျိုးထားခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာသင်းသင်းခိုင်က ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့မှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး၊ ဆည်မြောင်းဦးစီးမှူးနှင့် စက်မှုလယ်ယာဦးစီးဌာန၊ တာဝန်ခံအရာရှိတို့က စိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှုကြကာ စိုက်ပျိုးထားရှိမှုနှင့်ပတ်သက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ ဆက်)