အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

အင်းတော် ဇွန် ၂၃

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ယမန်နေ့ နံနက် ၉ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော် မြို့နယ်ရုံး (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်းတော်မြို့နယ်ရုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသူ/ ကျောင်းသားများ အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိနားလည်ပြီး ရှောင်ရှားနိုင်ကြရန် အတွက်လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူ ကင်းစင်ပပျောက်နိုင်ရေးအတွက် လည်းကောင်း၊ နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် လူချွန်လူကောင်းများ ပေါ်ထွက်လာရေးအတွက် လည်းကောင်း ရည်ရွယ်၍ ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ပါကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်သီဟက ရှင်းလင်း ပြောကြား ခဲ့သည်။

အဆိုပါ ပြိုင်ပွဲအခမ်းအနားတွင် အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သီဟ ပြိုင်ပွဲကျင်းပရခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်များ အကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် အထိမ်းအမှတ်နေ့ စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာ အထက်တန်းကျောင်း (အင်းတော်)မှ အထက်တန်းအဆင့် ကျောင်းသူ/ကျောင်းသား (၄၅) ဦးတို့က မူးယစ်အန္တရာယ် တို့ကာကွယ် ခေါင်းစဉ်ဖြင့် ပြိုင်ပွဲပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ကျော်သီဟ