သံတောင်ကြီး ဇွန် ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနော်လော်မူက သွေးလွန်တုပ်ကွေးအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များနှင့် သွေးလွန်တုပ်ကွေးရောဂါမှာ ခြင်မှတစ်ဆင့်ကူးစက်တတ်သည့် ရောဂါဖြစ်ကြောင်း သွေးလွန်တုပ်ကွေးရောဂါ အမျိုးအစားများပြောကြားပြီး ဒုတိယဦးစီးမှူးနော်နီလာအေးက သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပေါ်ရသည့် အကြောင်း ရင်းများ၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆောင်ရွက်ရမည့်အရာများ၊ သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေး ပြည်သူများအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေး စသည့်အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့သည်။
သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိ ပညာဗဟုသုတ တိုးပွားစေရေးအတွက်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး အွန်လိုင်းမှတဆင့် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ပေးရှိကြောင်း သိရသည်။
နော်နော်မူ