ဘောဂလိ ဇွန် ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များရှိ ဒေသနေပြည်သူများနှင့် ဌာနဆိုင်ရာရုံးများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင် တိုက်ဖျက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားသည့် အမှာစကားမှ ကောက်နှုတ်ချက်၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း၏ အကြောင်းအရင်းများ၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ နုခန့်ယဉ် (ရစ်ကန်ကြီး) ရေးသားသော "မူးယစ်ဆေးဝါးတို့ရှောင်ရှား" ကဗျာနှင့် မူးယစ်ဆေးဝါး အသိပညာပေး ကာတွန်း၊ ဆောင်ပုဒ်များပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်ကို ဒေသနေ ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မူးလားလာ(ပြန်/ဆက်)