အထက်မင်းလှ အောက်တိုဘာ ၉
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ပိုစတာများကိုယမန်နေ့နံနက်ပိုင်းမှ စတင်၍ ပြသထားလျက်ရှိကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်တွင် ကိုဗစ်−၁၉ ကာလအတွင်း မိမိ၏ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြု ချက်များ လိုက်နာစေရေး၊ မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းများဆိုင်ရာ မေးခွန်းနှင့် အဖြေများ၊ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါဝင်ပါသလား၊ သင့်မှာအချိန်မရှိ/ မလုံလောက်ဖြစ်နေပါသလား၊ Online ကနေစစ်ဆေးလိုက်ပါ၊ QR ကုတ် အသုံးပြုနည်းများ၊ ယခုပဲသွားရောက်စစ်ဆေးလိုက်ပါခေါင်းစဉ်ပါ နံရံကပ်ပိုစတာများနှင့် "သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား" အသိပညာပေး လက်ကမ်းစာစောင်များ ကိုလည်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ပြသထားကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)