ဆင်ပေါင်ဝဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရုံးလုပ်ငန်း လက်စွဲစာအုပ်ဖြင့် ရုံးတွင်း စာဖတ်ဝိုင်းပြုလုပ်

ဆင်ပေါင်ဝဲ ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည်  ရုံးလုပ်ငန်းလက်စွဲ စာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးနိုင်လင်းက စာဖတ်ဝိုင်းများ ကျင်းပရခြင်းရည်ရွယ်ချက် အခန်း(၁၀) မှတ်စုလွှာ ရေးသားနည်း ခေါင်းစဥ်ဖြင့် မှတ်စုလွှာရေးသားခြင်း အမျိုးအစားများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး အငယ်တန်းစာရေး(အင်အားပြ) ဒေါ်ဆုရည်နန္ဒာမှ မှတ်စုလွာရေးသားရာတွင် လိုက်နာရမည့် အချက်များကို ဆက်လက်ဆွေးနွေးရာ ဝန်ထမ်းများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းကို ဆင်ပေါင်ဝဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် လစဉ်တစ်လ (၁)ကြိမ်ပြုလုပ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)