ကျောက်ကြီး ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၇ နာရီခွဲအချိန်ခန့်က အခြေခံပညာကျောင်းများတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေဖြစ်ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေမှုကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနရုံးဝန်ထမ်းများက ကျောက်ကြီးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အ.ထ.က (ခွဲ) ပဲခူးရပ်ကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို သိရှိစေရန်၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ ကိုသိရှိစေရန်၊ ကျောင်းသားလူငယ်များ မူးယစ်ဆေးနှင့်ပတ်သက်၍ သိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးသုံးစွဲရခြင်းနှင့်ပတ်သက်၍ သိရှိရှောင်ရှားနိုင်စေရန်၊ နိုင်ငံတော်မှ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုများအား ထိထိရောက်ရောက် ရှာဖွေ ဖော်ထုတ် ဖမ်းဆီးအရေးယူလျက်ရှိပြီး မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားရေးအသွင် ဝိုင်းဝန်းတိုက်ဖျက်လျက်ရှိကြောင်းကို ယနေ့ကျောင်းသားလူငယ်များကို သိရှိစေရန် ကဗျာ၊ ကာတွန်း၊ ဆောင်းပါးများဖြင့် ရေးသားဖော်ပြထားသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်ထုတ်သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးရခြင်းဖြစ်ကြောင်း ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးက သိရသည်။
မြို့နယ်ပြန်/ဆက်