ဝါးခယ်မ ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ အ.ထ.က(၁) ဒေါ်ပိုက်မိခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးခင် ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ဆေးထိုးပြီးသူ များအား မိနစ်(၃၀)ခန့်နားနေ စောင့်ကြည့်ခြင်းဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို အစီအစဉ်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီတို့မှ လိုက်လံ ကြည့်ရှုအားပေး၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)