နတ်တလင်း ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းရက်သတ္တပတ်လှုပ်ရှားမှုအစီအစဉ်အရ နေဗီယာမြက် စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ရွာသာကုန်းအုပ်စု၊ ရွာသာကုန်းကျေးရွာ တောင်သူဦးအောင်ထွန်း၏စိုက်ကွက်တစ်ဧကတွင် သရုပ်ပြစိုက်ပျိုးခဲ့သည်။
အဆိုပါ တိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ကျော်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးနေဇော်ကိုကို၊ အတွင်းရေးမှူးရဲမှူးဌေးအောင်နှင့်အဖွဲ့ဝင်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာအိဝေကျော်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် စိတ်ပါဝင်စားသည့် ကျေးရွာသူကျေးရွာသားများ တက်ရောက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)