ဂန့်ဂေါမြို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေးပေး

ဂန့်ဂေါ အောက်တိုဘာ ၉

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၆-၂၀၁၇  ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးပေးခြင်း ကို ဆောင်ရွက်နေပြီဖြစ်ရာ အောက်တိုဘာ ၈ ရက်နေ့နံနက်ပိုင်းတွင် ကျော်ရွာကျေးရွာဘုန်းတော်ကြီး ကျောင်း၌ စတင်ထုတ်ချေးပေးကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရ သည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေးပေးရာတွင် ကျော်ရွာကျေးရွာရှိ ဒေသခံပြည်သူ များက စိုက်ပျိုးရေးလုပ်ကိုင်သူ(၆၄)ဦးအတွက် ငွေကျပ်(၁၇၅၀၀၀၀၀)ကျပ်၊ မွေးမြူရေးလုပ်ကိုင်သူ (၇၀)ဦးအတွက် ငွေကျပ်(၁၈၄၀၀၀၀၀)ကျပ်၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ(၈)ဦးအတွက် ငွေကျပ် (၂၁၀၀၀၀)ကျပ် စုစုပေါင်း(၁၄၂)ဦးအတွက် ငွေကျပ်(၃၈၀၀၀၀၀၀)ကျပ်တို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ အသင်းသားများလက်ဝယ်အရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)