မင်းလှ ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့က ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်က မူးယစ်ဆေးဝါးဆိုးကျိုးများ၊ နံရံကပ်စာစောင်၊ စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်ပြပွဲများ ပြသရခြင်း အကြောင်းကို ကျောင်းသား/သူများအား အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ “ကာကွယ်တာဆီးမူးယစ်မီး” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ၍ ဆုရရှိသူများကို ဆုများအသီး ချီးမြှင့်ခဲ့ကြသည်။
ထို့နောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်စာစောင်များခင်း ကျင်းပြသထားရာ စာပေချစ်မြတ်နိုးသူ ကျောင်းသား၊ ကျောင်းသူများ ကလေးငယ်များ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)