ပေါက်ခေါင်းမြို့ရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များတွင် အမိုနီယမ်နိုက်ထရိတ်ပါဝင်သည့် ဓာတ်မြေသြဇာများ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေး

ပေါက်ခေါင်း ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်များတွင် အမိုနီယမ်နိုက်ထရိတ် ပါဝင်သည့် ဓာတ်မြေဩဇာများ‌ ဖြန့်ဖြူး ရောင်းချခြင်းရှိ/မရှိကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော ဌာနဆိုင်ရာများ ပူးပေါင်း အဖွဲ့များက ယမန်နေ့က စစ်ဆေး‌အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်ဦးဆောင်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပညာ‌ရေးဌာနနှင့် မြို့နယ်ဥပ‌ဒေ စသည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာများတွင် ထိန်းချုပ်ဓာတုပစ္စည်းအမျိုးအစား၌ ပါဝင်သည့် အမိုနီယမ်နိုက်ထရိတ်များအား အသုံးပြုလျက်ရှိကြောင်း သိရှိရသဖြင့် ရောင်းချမှုမရှိစေရေး  လိုက်လံအသိပေးစစ်ဆေးရခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်းလိုင်စင်မရှိသည့် စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များကိုလည်း စစ်ဆေးကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းလိုင်စင်ဖြင့် ရောင်းချနေသည့် စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်များတွင်လည်း မှတ်ပုံတင်ထားခြင်းမရှိသည့် အမှတ်တံဆိပ်စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာများ ရောင်းချမှုမရှိစေရေးတို့အတွက် အသိပညာပေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)