ဝါးခယ်မ ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် မြန်မာနိုင်ငံအတက်ရောဂါစီမံချက်လုပ်ငန်းစတင်ခြင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ရွှန်းလဲ့ဝတ်ရည်အောင်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းထက်မှ မြန်မာနိုင်ငံအတက်ရောဂါ စီမံချက်လုပ်ငန်းနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ အတက်ရောဂါရှိသူများအတွက် ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများကို ရှင်းလင်း ပြောကြားခြင်း၊ အမျိုးသမီးများနှင့် ကလေးများအတွက် အတက်ရောဂါအကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားခြင်း၊ အတက်ရောဂါရှိသူ အမျိုးသမီးများအား ကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခြင်း၊ အတက်ရောဂါသည်စိတ်ရောဂါမဟုတ် ဦးနှောက်နှင့်ဆိုင်သော ရောဂါတစ်မျိုးဖြစ်ကြောင်း ရှင်းလင်း ပြောကြားခြင်းနှင့် တက်နေသောလူနာများအား အရေးပေါ်ပြုစုကုသခြင်း နည်းလမ်းများကိုပါ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)