ထီးချိုင့် ဇွန် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်နှင့် ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများ၊ မူးယစ်ဆေးကြောင့် လူငယ်များ မူးယစ်နွံထဲ မရောက်စေရန် ဆေးလိပ်၊ အရက်များ အစပြုမသုံးစွဲမိရန်၊ မူးယစ်ဆေးဝါးကို ဝေးဝေးမှ ရှောင်ရှားကြရန် စသည့်အကြောင်းအရာများစွာပါဝင်သည့် စာအုပ်စာစောင် များကို ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာ ဖတ်ရှုခဲ့ကြ ကြောင်း သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)