ကသာ ဇွန် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းနှင့် မြို့တော်ခန်းမတို့၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကသာမြို့နယ်အတွင်းရှိ သက်ဆိုင်ရာကျောင်းများအလိုက် စတင်ထိုးနှံပေးလျက်ရှိရာ ပထမအကြိမ်နှင့် တတိယအကြိမ် ကျောင်းသား/သူ(၂၇၀) ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံသူများကိုလည်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများကလည်း ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျောင်းသား/သူလေးများ အားလုံးကို သတ်မှတ်ထားသည့် ရက်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ကသာ)