ဂန့်ဂေါခရိုင် ကျောက်ထုမြို့တွင် မိုးမြေပဲများ အောင်မြင်ဖြစ်ထွန်း

ကျောက်ထု အောက်တိုဘာ ၉

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသရှိ ယာမြေများတွင် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်အရ စိုက်ပျိုးထားသော မိုးမြေပဲများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုးမြေပဲများကို မြေတစ်ဧကလျှင် မြေပဲမျိုးစေ့တစ်တင်းခွဲခန့်ထည့်သွင်းစိုက်ပျိုးရပြီး ဒေသပေါက် ဈေး တစ်တင်းလျှင် (၃၂၀၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူ၍ စက်တင်ဘာလတွင် စတင် စိုက်ပျိုးကြကာ  ဒီဇင်ဘာ လတွင် နှုတ်ချွေကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမိုးမြေပဲများ စိုက်ပျိုးကြရာတွင် သဘာဝမြေဆွေးနှင့် နွားချေးရောစပ်ပြီး မြေခံထည့်ကာ စိုက်ပျိုးကြ၍ ရက်ပေါင်း(၄၀)ရက်မှ (၅၀)ရက်အကြားတွင် ရွက်ဖြန်းဓာတ်မြေဩဇာပက်ဖြန်းခြင်းဖြင့် အောင်မြင်ဖြစ်ထွန်းကြောင်းနှင့် မြေပဲတောင့်များ ရရှိသည့်အခါတွင် စက်ဖြင့်အစေ့ထုတ်ယူပြီး အဆံများ ကို ဆီကြိတ်၍ ဆီတစ်ပိဿာလျှင် (၆၅၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချမည်ဖြစ်ရာ မိသားစု အပိုဝင်ငွေ ရရှိကြောင်း ဒေသခံတောင်သူ ဦးထန်းကီး၏ပြောပြချက် အရ သိရှိရသည်။

မောဟေမာန်(ပြန်/ဆက်)