တောင်တွင်းကြီးမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ လူနာအား ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ပြု

တောင်တွင်းကြီး အောက်တိုဘာ ၉

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၏ ဒုတိယမြောက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာဖြစ်သည့် အုန်းတော(၁)ရပ်ကွက် အပိုင်း(၃) မှ အသက်(၅၀)နှစ်အရွယ် အမျိုးသမီးအား မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် သတ်မှတ်ရက်(၁၁)ရက်စောင့်ကြည့် ကုသပြီး ဖြစ်၍ ယနေ့နေ့လယ်(၁၁:၃၀)နာရီအချိန်က ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

လူနာမှာ ကျန်းမာရေးကောင်းမွန်လာပြီး သတ်မှတ်ထားသည့် ကာလပြည့်ပြီဖြစ်သောကြောင့် ဆေးရုံမှဆင်းခွင့်ပြုကာနေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက်နေ ထိုင်ရ မည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်လှိုင်၊ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးအောင်မြင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌဦးမောင်မောင်ဌေးနှင့်  မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာကြည်ကြည်မာနှင့် တာဝန်ရှိသူများက အားပေး စကား ပြော ကြားခဲ့ ကြောင်းသိရသည်။

ယနေ့အထိ တောင်တွင်းကြီးမြို့နယ်တွင် ပိုးတွေ့အတည်ပြုလူနာ(၄)ဦးရှိပြီဖြစ်ပြီး ယခု ဆေးရုံမှ ဆင်းခွင့်ရသူ အသက်(၅၀)နှစ်အရွယ်အမျိုးသမီးသည်  သက်သာပျောက်ကင်း၍ ဒုတိယမြောက် ဆေးရုံမှဆင်းခွင့်ရသူဖြစ်ကြောင်းသိရသည်။

အေးမိုးမိုးမြင့်(ပြန်/ဆက်)