ထားဝယ် ဇွန် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးရေး ရက်သတ္တပတ်ကို ယနေ့နံနက်ပိုင်းက အလယ်ကုန်းကျေးရွာ၊ တောင်သူ ဦးမင်းလတ် စိုက်ပျိုးရေးခြံတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး စောအောင်မွန်၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှူး ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများက တောင်သူဦးထွန်းမင်းလတ်၏ခြံတွင် မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးရေးရက်သတ္တပတ်အဖြစ် Napier မြက်မျိုး (၀.၄၄) ဧက စိုက်ပျိုးပေးသည်။
ထို့နောက် တောင်သူများအား နေပီယာမြက် (၁) ဧက စိုက်ပျိုးမှုကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုတို့အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်