မော်လမြိုင်ကျွန်း ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဇွန်လ ၂၀ ရက်နေ့၊ နံနက် (၇)နာရီအချိန်မှ စတင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ အဆိုပါ ရုံးရှေ့တွင် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥနှင့် ဝက်သားတို့ကို ဈေးနှုန်းသက်သာစွာဖြင့် မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများထံသို့ လက်လီရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ရောင်းချပေးရာတွင် ဆန်(ဧည့်မထ) တစ်ပြည်လျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် (၁၄၇)ပြည်၊ ဆီ(စားအုန်းဆီ) တစ်ပိသာလျှင် (၆၀၀၀)ကျပ်နှုန်းဖြင့် (၄၂)ပိသာ (၅၀)ကျပ်သား၊ ကြက်ဥတစ်လုံးလျှင် (၂၅၀)ကျပ်နှုန်းဖြင့် အလုံး(၃၂၆)လုံးနှင့် ဘဲဥတစ်လုံးလျှင် (၂၅၀) ကျပ်နှုန်းဖြင့် အလုံး(၉၁၆)လုံး၊ ဝက်သားတစ်ပိသာလျှင် (၁၄၄၀၀)ကျပ်နှုန်းဖြင့် (၃၀)ပိသာတို့ကို ပြင်ပပေါက်ဈေးထက် သက်သာသော စျေးနှုန်းဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးခဲ့သည်။ အဆိုပါ ရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးတို့က ဝယ်ယူကြသူများအား ကြည့်ရှုအားပေးခဲ့ကြပြီး ရောင်းချရာတွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ရောင်းချပေးခဲ့ကြ ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)