မင်းဘူး ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ရွှေရောင်တော် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)တို့၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးမြို့ အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ် အောင်ဇော်မင်း ဦးဆောင်ပြီး ဒုရဲအုပ် ဝေလင်းနိုင်နှင့် တပ်ဖွဲ့ဝင်များက ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းတက်၊ ကျောင်းဆင်းသွားလာရာတွင် ယာဉ်၊ လမ်းအန္တရာယ် မဖြစ်ပွားစေရေးနှင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်တတ်စေရေးတို့အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ အန္တရာယ်သတိပေးလမ်းညွှန်ချက်များ၊ တားမြစ်ခြင်း၊ ကန့်သတ်ခြင်းလမ်းညွှန်များ၊ အမိန့်ပေးလမ်းညွှန်များ၊ မော်တော်ဆိုင်ကယ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ဦးစားပေးယာဉ်များ၊ မော်တော်ယာဉ်မောင်းနှင်သူနှင့် ယာဉ်နောက် လိုက်ပါစီးနင်းသူများ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြသည်။
မင်းဘူးမြို့ အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးနှင့် အခြေခံပညာကျောင်းတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် အသိပညာပေးဟောပြောသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူပေါင်း (၄၀၀)ကျော် တက်ရောက်ခဲ့ပြီး တက်ရောက်လာကြသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)