မြို့သစ်တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဆောင်ရွက်

မြို့သစ်  ဇွန် ၂၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့သစ်မြို့ အစဉ်အမြဲသန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ စည်းကမ်းတကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။

ထိုသို့ မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်ရာ၌ မြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် မြို့တွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ထားရှိသည့် စည်ပင်သာယာ စျေးပတ်ဝန်းကျင် လမ်းဘေး(ဝဲ/ယာ) ရှိအုတ်ရေနုတ်မြောင်းများရှိ သဲ နုန်းနှင့် ရွှံ့နွံများ၊ သစ်ရွက်ခြောက်များနှင့် အမှိုက်သရိုက်များ၊ တောင်တွင်းကြီး-မြို့သစ်-နတ်မောက် ကားလမ်း ဘေးဝဲ/ယာ ရေစီးရေလာကောင်းမွန်စေရေးအတွက် သဲနုန်းနှင့် ရွှံနွံများ ဆယ်ယူရှင်းလင်းခြင်း၊ သစ်ရွက်ခြောက်များနှင့် အမှိုက်များရှင်းလင်း ခြင်းများကို ရေစီးရေလာကောင်းမွန် စေရန်နှင့် ဒေသခံပြည်သူလူထု ကျန်းမာရေးဆိုးကျိုးအန္တရာယ်ကင်းဝေးစေရန် စနစ်တကျ စုပေါင်းဆောင်ရွက်ခဲ့သည်။

မြို့သစ်မြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာလှပရေးအတွက် နေ့စဉ် အမှိုက်သိမ်းယာဉ်ဖြင့် မြို့ပေါ် (၅)ရပ်ကွက် အတွင်းနှင့် မြို့ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်စေရန် စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ မြို့တွင်းရေနုတ်မြောင်းများ ရေစီးရေ လာကောင်းမွန်ရေးဆောင်ရွက်ခြင်း၊ မြို့တွင်း လမ်းဘေး ပလက်ဖောင်းများ သစ်လွင်တောက်ပစေရန် ဆေးသုတ်ခြင်း၊ မြို့ပြလှပစေရန်အတွက် ( We Love Myo thit) ဆိုင်း ဘုတ်ဘေးပတ်လည်း၌ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ မြို့တွင်း စိမ်းလန်းစိုပြည်စေရန် စိုက်ပျိုးထားရှိသော Flower Boxများဆေး သုတ်ခြင်းနှင့်ပန်းအလှပင်များ ရေဖျန်းခြင်း၊ မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စည်ပင်သာယာဈေး၌ အပတ်စဉ်ဈေး သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပြည်သူလူထုစနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရန်အမှိုက်များ လိုက်လံ သိမ်းဆည်းပေးခြင်း စသည့်မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြို့သစ်မြို့နယ် စည် ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိထံမှ သိရသည်။

သန်းဝင်းထွန်း ( ပြန်/ဆက်)