ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “အအေးပေးနည်းပညာစဉ်ဆက်မပြတ်တိုးတက်ဖို့ ပူးပေါင်းလက်တွဲဆောင်ရွက်စို့" Talk Show ကျင်းပ

ကလေး ဇွန် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့အအေးပေးနေ့အထိမ်းအမှတ် “အအေးပေးနည်း ပညာ စဉ်ဆက်မပြတ် တိုးတက်ဖို့ ပူးပေါင်းလက်တွဲဆောင်ရွက်စို့" Talk Show ကို ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးတွာလ်ဆွင်းဗန်က ဟောပြောပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ဦးစွာဆွေးနွေး ပြောကြားခဲ့ပြီး ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဉာဏ်လင်းအောင်က ၂၀၂၃ ခုနှစ် ကမ္ဘာ့ အအေးပေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ “အအေးပေးနည်းပညာ စဉ်ဆက်မပြတ်တိုးတက်ဖို့ ပူးပေါင်းလက်တွဲဆောင်ရွက်စို့" ဖြစ်ပြီး  ကမ္ဘာ့အအေးပေးနေ့ ကျင်းပခြင်း၏ ရည်ရွယ်ချက်များ၊ အအေးပေးပစ္စည်းများ၏ အရေးပါပုံများ၊ အအေးပေးပစ္စည်းများ အသုံးပြုခြင်းကြောင့် ရာသီဥတုနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ၊  အိုဇုန်းလွှာကို ပျက်စီးနိုင်ပြီး ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေသည့် ဒြပ်ပစ္စည်းများနှင့် အဆိုပါ ဒြပ်ပစ္စည်းများ လျော့ချသုံးစွဲရန်တို့ကို ပြောကြားခဲ့ သည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတများ၊ တိုးပွားနိုင်စေရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ စာပေမြတ်သူနိုးသူများဖြင့် Online Talk Show များ၊ စာဖတ်ဝိုင်း၊ အသိပညာပေး ဆွေးနွေးများနှင့် သင်တန်းများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ခရိုင်(ပြန်/ဆက်)