သံတောင်ကြီး အောက်တိုဘာ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက် ရေးအသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀)နာရီအချိန်က သံတောင်မြို့ပြည်သူ့စာကြည့်တိုက်တွင် ရိုက်ကူး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နော်လော်မူက အသိပညာပေး Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန် ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်ခင်ထွန်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများ ၊ ဥပဒေပါပြဌာန်းချက်များအား ဆွေးနွေးပြောကြားခဲ့ သည်။
ဆက်လက်ပြီး သံတောင်ကြိးမြို့နယ်၊ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ တာဝန်ခံ ဒေါ်နော်အယ်ဖောက ကလေးသူငယ် အခွင့်အရေးများ ၊ ကလေးသူငယ်များ၏တာဝန်ဝတ္တ ရား များအားဆွေးနွေးပေးခဲ့သည်။
အဆိုပါ ကလေးသူငယ်အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို IPRD Thandaung Page တွင် Onile မှတစ်ဆင့် လွှင့်တင်ပေးနိုင်ရန်အ တွက်ရိုက်ကူးခြင်းဖြစ်ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)