မအူပင်မြို့နယ် ထနီးကျေးရွာအုပ်စုတွင် အိမ်ခြေ ၃၃၉ အတွက် အလှူငွေများလှူဒါန်း

မအူပင် အောက်တိုဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စု၊ ထနီးကျေးရွာ ဇာတိသားဖြစ်သည့်အလှူရှင် သုဓမ္မာမဏိဇောတဝရဦးသန်းအောင်သည် ယနေ့ ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်နေ့သည် အသက် ၆၅ နှစ်ပြည့် မွေးနေ့ဖြစ်သဖြင့် ထနီးကျေးရွာအုပ်စုတွင်နေထိုင်သည့်ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ရေး ကာလတွင် အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်းအား မိသားစုအလိုက် အဆင်ပြေစေရန် အလှူရှင်မိသားစုနှင့်တူ နံနက် ၁၀ နာရီက အလှူငွေများလှူဒါန်းခဲ့ကြောင်း သိရသည်။

အလှူရှင်အနေဖြင့် ထနီးကျေးရွာရှိ အိမ်ခြေ ၃၃၉ အိမ်အတွက် တစ်အိမ်လျှင်ငွေကျပ် (၅၀၀၀၀) ငါးသောင်းကျပ်ဖြင့် မိသားစုအလိုက် အိမ်အရောက်လှူဒါန်းရာ စုစုပေါင်း (၁၆၆,၉၅၀,၀၀၀) အား  လှူဒါန်းခဲ့ကြောင်းသိရသည်။

အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)