မအူပင် အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အေထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ မြို့ပေါ်ရုံးတွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးကာလအတွင်း မိသားစုအလိုက် အခက်အခဲမရှိ လုပ်ငန်းတာဝန်ထမ်းဆောင်နိုင်ရန် မီးဖိုချောင်သုံးစားသောက်ဖွယ်များအား ယမန်နေ့မွန်းလွဲပိုင်းက ထောက်ပံ့လှူဒါန်းသည်။
မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မြို့ပေါ်ရုံးတွင် တာဝန်ထမ်းဆောင်သည့်ဝန်ထမ်း ၃၀ ဦးအတွက် တစ်ဦးလျှင် ဆန် ၁၂ ပြည်၊ ဆီ ၁ ပိဿာ၊ ကြက်သွန်နီ၊ ငရုပ်သီးမှုန့်၊ ခေါက်ဆွဲ၊ ကြာဇံ နှင့် ကုလားပဲစသည့် ပစ္စည်း ၆ မျိုးအား မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းဆန်းနှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းသက်ဦး တို့က လှူဒါန်းပေးရာ ကိုဗစ်-၁၉ ကာလအတွင်း စားသောက်ကုန်ထောက်ပံ့ပေးသည့်အတွက် ဝန်ထမ်းများအနေဖြင့် ကျေးဇူးတင်လျက်ရှိကြောင်း စာရေးကြီးဦးကျော်စိုးမြင့်ထံကသိရသည်။
အောင်ခိုင် (မအူပင်)