ခမောက်ကြီး၊ အောက်တိုဘာ ၉
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ(၁)ရက်နေ့မှစ၍ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ အမှတ်(၁)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် မဲဆန္ဒရှင် စာရင်းများကို ကပ်ထားကြေညာပေးလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက် တိုဘာ (၁) ရက်နေ့မှ (၁၄) ရက်နေ့အထိ ကပ်ထားကြေညာပေးမှာဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲစာရင်းများကပ်ထားကြေညာပေးသည့် (၁၄) ရက်အတွင်း လာရောက်ကြည့်ရှု၍ နောက်ဆုံး အကြိမ်ပြင်ဆင်ခြင်း၊ဖြည့်စွတ်ခြင်း၊ ကန့်ကွက်ခြင်းများကိုပြုလုပ် ဆောင်ရွက်နိုင်ကြောင်း၊ အသိပေး နှိုးဆော်ခြင်းများလည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခမောက်ကြီးမြို့ အမှတ် (၁) ရပ်ကွက်တွင် မဲရုံ (၆) ရုံ ထားရှိသွားမည်ဖြစ်ပြီး၊ ဆန္ဒမဲပေးပိုင်းခွင့်ရှိသူ (၈၁၃၆) ဦး ခန့်ရှိရာ အောက်တိုဘာ (၉) ရက်နေ့အထိ ပုံစံ (၃) ဖြင့် နောက်တိုးလျှောက်ထားသူ (၁၈၅) ဦး၊ ပုံစံ (၃-က)ဖြင့် နောက်တိုး လျှောက်ထားသူ (၉၈၇) ဦး၊ ပုံစံ (၄) ဖြင့် ကန့်ကွက်ပယ်ဖျက်သူ (၁၁၄) ဦး၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လျှောက်ထားသူ (၂၂) ဦးတို့ရှိကြောင်း သတင်းရရှိသည်။
နန့်လေးလေးခင်သိန်း(ခမောက်ကြီး ပြန်/ဆက်)