သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်း (၁၀၃၉)ဦး၏ ပင်စင်လစာငွေများ ပုံမှန် ဆက်လက်ထုတ်ပေး

သာပေါင်း ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ် (၂၁)ရက်နေ့မှ စတင်၍ ပုံမှန်လစဉ်တိုင်း ထုတ်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီခွဲအချိန် ဆက်လက်ထုတ်ပေးလျက်ရှိသည်။

သာပေါင်းမြို့နယ်တွင် ကာကွယ်ရေးပင်စင်စား (၂၈၆)ဦး၊ နိုင်ငံရေး ပင်စင်စား(၁၄၂)ဦး၊မြို့ပြ ပင်စင်စား (၆၀၃)ဦး၊ ဘဏ်ဝန်ထမ်း ပင်စင်စား(၈)ဦး ပေါင်းအငြိမ်းစား ပင်စင်စားဦးရေ (၁၀၃၉)ဦး ရှိရာ ယမန်နေ့တွင် မြို့ပြပင်စင် (၁၇၉)ဦး၊ ကာကွယ်‌ရေးပင်စင် (၉၀)ဦး၊ နိုင်ငံရေးပင်စင် (၄၀)ဦး၊ မြန်မာ့စီးပွားရေး ဘဏ်ဝန်ထမ်းပင်စင် (၃)ဦး ပေါင်းပင်စင်စား(၃၁၂)ဦးထုတ်ပေးလျက်ရှိခဲ့ပြီး ကျန်းမာရေးချို့ယွင်းသည့် အငြိမ်းစားသက်ကြီး ပင်စင်စားများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိနေပါကြောင်းနှင့် ပင်စင်လစာငွေများကို လစဥ် (၂၁)ရက်နေ့မှ လစာမထုတ်မီ တစ်ရက်အလိုရက်နေ့အထိ နံနက် ၈ နာရီမှ စတင်၍ လာရောက်ထုတ်ယူသူ ပင်စင်စားကြီးများအားလုံးကို ထုတ်ပေးလျက်ရှိပြီး၊ ကျန်ရှိသူများကို အစိုးရ ရုံးပိတ်ရက်များမှ ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ် မန်နေဂျာဒေါ်အေးအေးမွန်ထံမှ သိရသည်။

မျိုးဇော်သိန်း