သာပေါင်း ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့်ပြုမိန့်ကျ၊ လျှောက်ထားဆဲတောင်သူ၊ လုပ်ငန်းရှင်များနှင့် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပြည်အေးခန်းမ၌ တွေ့ဆုံခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးဝေဖြိုး၊ မြို့နယ်လယ်စီအင်းဦးစီးအရာရှိ ဦးဟိန်းမြတ်သူနှင့် မြေတိုင်းအဖွဲ့ တို့က မြို့နယ်အတွင်းမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့် ခွင့်ပြုမိန့်ကျသည့် တောင်သူလုပ်ငန်းရှင်များ၊ ခွင့်ပြုမိန့်ရရှိရေး လျှောက်ထားဆဲတောင်သူ၊ လုပ်ငန်းရှင်များ၊ မြို့နယ်ပြင်ပမှ လုပ်ပိုင်ခွင့်ရယူထားသူများ လာရောက်ခြင်းမရှိဘဲ မြို့နယ်အတွင်းမှ ဒေသခံလုပ်ငန်းရှင် တောင်သူ(၂၅)ဦးနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး ၎င်းတို့စိုက်ခင်းများမှ တန်(၆၀) သတင်းစာစက္ကူစက်ရုံအတွက် ကုန်ကြမ်းပေးသွင်းရန် သတ်မှတ်ထားသည့် အချင်း (၄)လက်မမှ (၁၂)လက်မ၊ အရှည် (၆)ပေအရွယ်ရှိ မန်ဂျန်ရှား၊ ယမနေ၊ ယူကလစ်သစ်များ ပေးသွင်းနိုင်ရေး ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး၊ ခရိုင်သို့ စာရင်း ဆက်လက်တင်ပြနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်