စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်ရှိ မိုးစပါးမျိုးစေ့ထုတ်ကွက်အတွင်း ပိုးမွှား ရောဂါ ကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့်မျိုးကွဲပယ်ခြင်းလုပ်ငန်းများဆောင်ရွက်

ဝန်းသိုအောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၌ဘက်စုံအဆင့်မြှင့် နည်းပညာသုံးစံပြကျေးရွာဖြစ်သော ဩဂ ကျေးရွာရှိကွင်းအမှတ်(၁၂၉၇)တွင်စိုက်ပျိုးထားသောမိုးစပါးမှော်ဘီ(၂)မျိုးစေ့ထုတ်ကွက်အတွင်းပိုးမွှားရော ဂါ ကျရောက်မှုရှိ/မရှိစစ်ဆေးခြင်းနှင့် မျိုးကွဲပယ်ခြင်းလုပ်ငန်းတို့ကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကွင်းတာဝန်ကျဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မျိုးကွဲပါဝင်မှု၀.၀၁ရာခိုင်နှုန်း သာတွေ့ရှိခဲ့ရကြောင်းသိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူဦးကြီးများ မိမိတို့စိုက်ပျိုးထားသော မိုးစပါး စိုက်ကွက် များအောင်မြင်ဖြစ်ထွန်းစေရန်၊ သဘာဝမြေဩဇာများကို လက်တွေ့ပြုလုပ်သုံးစွဲနိုင်ရန်၊ ဓါတ်မြေ ဩဇာတစ်မျိုးတည်းကို ရေရှည်သုံးစွဲခြင်းဖြင့် မြေဆီလွှာများဖွဲ့စည်းပုံနှင့် အဟာရဓါတ်တန်ဘိုး များ ပျက်စီးဆုံးရှုံးစေနိုင်ကြောင်းနှင့်သီးနှံပင်များအနေဖြင့်လည်း အထွက်နှုန်းများလျော့ကျခြင်း၊ ပိုးမွှားရောဂါ ကျရောက်မှုများပြားလာခြင်း စသည့် အားနည်းချက်များဖြစ်ပေါ်စေနိုင်ကြောင်း တို့ကို သိရှိစေရန်၊ အရည်အသွေးကောင်းမွန်သောသီးနှံများ စိုက်ပျိုးထုတ်လုပ်သုံးစွဲနိုင်ရန်ရည်ရွယ်၍ တောင်သူ ဦးကြီးများနှင့် ပူးပေါင်းကာယခုလိုကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်းဝန်းသိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက် ဧက ၃၈၉၈၉ဧကစိုက်ပျိုးထားလျက်ရှိပြီးကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် စီးပွားဖြစ် မိုးစပါးမျိုးသန့်မျိုးစေ့ထုတ်ကွက် ၂၅၀ ဧကစိုက်ပျိုးထားရှိကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)