စစ်ကိုင်းခရိုင် မြောင်မြို့နယ်တွင် ကော်မရှင်အဖွဲ့ဝင်များမှ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာကပ်ထားမှုအား ကွင်းဆင်းစစ်ဆေး

မြောင်  အောက်တိုဘာ 

စစ်ကိုင်းခရိုင် ၊မြောင်မြို့နယ်တွင်၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်များ စာရင်းများကို အောက်တို ဘာလ(၁) ရက်နေ့က စတင်ကာ ဒုတိယ အကြိမ်မဲစာရင်းများကို ​မြို့နယ်အတွင်း ရှိရပ်ကွက်/ ကျေးရွာ အသီးသီးတွင် ကြေညာကပ် ထားလျှက် ရှိကြောင်းသိရသည်။ 

အဆိုပါ မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေညာမှုအား စစ်ကိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲအဖွဲ့ဝင် ဦးကြည်ညွန့် ခေါင်းဆောင်သည့် အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ မှ အောက်တိုဘာ လ(၈) ရက် နေ့က ရပ်ကွက်ကျေးရွာ အုပ်စုများသို့ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရှိရသည်။

မြောင်မြို့နယ်တွင် မဲဆန္ဒရှင်စာရှင်း ကြေညာ ခြင်ကို အောက်တိုဘာ(၁)ရက်မှ (၁၄)ရက်ထိ ကပ်ထား ပေးသွားမည်ဖြစ်ပြီး နောက်ဆုံးအကြိမ် မြို့နယ်အတွင်းတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ(၈၉၂၅၄)ဦးရှိကြောင်း သိရသည်။

တင်ကိုကို(မြောင်)