ဘိုကလေးမြို့နယ်တွင် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဘိုကလေး ဇွန် ၂၁

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် သဘာဝဂေဟစနစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်ကာ ယနေ့ နံနက်(၁၀)နာရီအချိန်က ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ငွေတောင်စံပြကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေး တိုးတက်ရေးဦးစီးဌာနမှ သစ်ပင် စိုက်ပျိုးပွဲကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲသို့ ဖျာပုံခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူး ဦးဇေယျာဇော်မျိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ဘိုကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လင်းနိုင်နှင့် ဝန်ထမ်းများ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြပြီး ကျွန်း(၁၀)ပင်၊ မဟော်ဂနီ(၃၀)ပင်နှင့် အော်ရေးရှား(၁၀)ပင်၊ စုစုပေါင်း ပျိုးပင်(၅၀)အား စနစ်တကျ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရ သည်။

မိုးစက်(ဘိုကလေး)