ကော့သောင်း ဇွန် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ယာဉ်စည်းကမ်းနှင့်လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကိုယမန်နေ့နေ့လယ်(၁)နာရီက အ.ထ.က (ခွဲ)ပုလုံးတုံတုံး ကျောင်းတွင်ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသိန်းအေးထွန်းက ယာဉ်တိုက်မှုဖြစ်ရခြင်းအကြောင်းအရင်းများ၊ နှစ်အလိုက်ကိန်းဂဏန်းများနှင့် သုံးသပ်ချက်များအကြောင်း၊ လမ်းညွှန်း၊လမ်းအမှတ် အသားများအကြောင်း၊ ဦးနောင်နောင် (စစ်ဆေးရေးမှူး-၃) ကနည်းဥပဒေပါ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် လိုက်နာရမည့်ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ လမ်းလျှောက်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအကြောင်း၊ ယာဉ်မောင်းနှင်ရာတွင် အသက်(၁၈)နှစ်ပြည့်မှ မောင်းနှင်ရန်နှင့်လိုက်နာရမည့် စည်းကမ်းချက်များအကြောင်းကို အသီးသီးဟောပြောခဲ့ကြပြီး ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ ပေးခြင်းနှင့် အသိပညာပေးနံရံ ကပ်ပိုစတာများပြသအသိ ပညာပေးခဲ့ကြသည်။
ဟောပြောပွဲသို့ ဆရာ၊ ဆရာမများ၊ကျောင်းသား၊ကျောင်း သူများ(၁၆၉)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲကို ကော့သောင်းမြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဗဟုတရစေရန်နှင့် အသိ၊ သတိဖြင့်လိုက်နာကြစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)