ဒိုက်ဦး ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ဒရယ်မီး-ဥသျှစ်ကုန်းလမ်း၊ ဗျက်ကြီးကျေးရွာရေလဲချင်းစုဘုန်းကြီးကျောင်းဝင်းအတွင်း၌ ယနေ့နံနက် ၉ နာရီအချိန်က မိုးရာသီသစ်ပင်စိုက်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဒိုက်ဦးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌဒေါ်သင်းသင်းခိုင်နှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှဦးစီးအရာရှိဦးသန်းမင်းအေးနှင့် ဝန်ထမ်းများဥသျှစ်ကုန်းအမြန်လမ်းရဲစခန်းမှ စခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ စခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ဒိုက်ဦးမြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း(၂၅၀)ဦးက ၂ ပေ အထက်ရှိသောပျိုးပင် ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ စိန်ပန်း၊ ကံ့ကော်၊ ပိတောက် စုစုပေါင်း(၁၂၀၀)ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)