ကဝ ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ပင်စင်ထုတ်ပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေများ လာရောက် ထုတ်ယူသူများအား စနစ်တကျရှိစေရန် (၃)ပေအကွာ နေရာများထားပေးခြင်း၊ လက်ဆေး ဘေစင်များ ထားရှိပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်ပေးထားခြင်း၊ ပင်စင် ထုတ်ရာတွင် ဇွန်လ(၂၁)ရက်နေ့မှ(၃၁)ရက်နေ့အထိ ပိတ်ရက်များမှလွဲ၍ နေ့စဉ် နံနက်(၇:၀၀)နာရီမှ (၁၄:၀၀)နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့တွင် ကဝမြို့နယ်အတွင်းရှိ ပင်စင်စား(၃၀၇)ဦးအတွက် ပင်စင်လစာ (၃၆၄၃၉၆၅၃.၄၀) ကျပ်အား ထုတ်ပေးပြီး၊ ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများ အနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)