အုတ်ဖို ဇွန် ၂၁
ကျန်းမာတက်ကြွသောလူကြီးဘဝကို ဖြတ်သန်းနိုင်စေရန်ရည်ရွယ်၍ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာစိုးသက်ဝင်းဦးဆောင်၍ အေးမြသာယာတိုက်နယ်ဆေးရုံဆရာဝန် ဒေါက်တာသီရိရွှေစင်လှိုင်၊ အိုးသည်ကုန်းတိုက်နယ်ဆေးရုံဆရာဝန် ဒေါက်တာအေးမင်းသော်နှင့်ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးကုသပေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌဦးအောင်ဇော်မင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး လစဉ်(၂၁)ရက်နေ့တိုင်း အခမဲ့စစ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
အလားတူပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူကြမည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအနေဖြင့် လစဉ်(၂၁)ရက်နေ့ရောက်တိုင်း သက်ဆိုင်ရာမြို့နယ်ပြည်သူ့ဆေးရုံကြီးများသို့ သွားရောက်ပြီး ဆေးကုသမှုခံယူနိုင်ကြောင်း သိရသည်။
အောင်သူ